မျှော်လင့်ခြင်း
ပျောက်ဆုံးနေတဲ့
ပန်းမပွင့်ခဲ့ဘူးတဲ့ ငါအတိတ်တွေဆီ..
တစ်စုံတစ်ခုက ဆွဲခေါ်သွား......
ခြေရာမဲ့ခဲ့တဲ့ ငါအလွမ်းတွေကို
ကြွေနေတဲ့နေရက်တွေထဲမှာ ပြန်ရှာနေမိတယ် .....
အခုတော့...
ငါခံစားခဲ့ရပုံများ နှလုံးသားထဲအထိနာကျင်လို့
အရှုံးပေးခြင်းသက်သက်နဲ့ ဆန့်ကျင်ဘက်ကို ကျောပေးရပ်မယ် ....
ဒီအလွမ်းတွေကို ဘယ်လိုများကျော်ရမလဲ
ညညဆို ငါ့အတွေးတွေ
ပြတင်းတံခါးလို ရပ်တွေးဆွေး ....
ငါရင်ဘတ်ထဲမှာ မင်းအလှနဲ့ နှစ်ဝင်နေတဲ့
အိပ်မက်လှေတွေရှိတယ် .....
ငါ့ခေါင်းထဲမှာ မင်းအနမ်းတွေအတွက် ၀ှက်ထားတဲ့
အနာဂတ်တစ်ခုရှိတယ်....
သောကြာထောင့်မှာ ဆီမီးတိုင်ကို ထွန်းညှိပြီး
ငါဆုတောင်းတော့
မဆီမဆိုင် ဗီးနပ်(စ်)က သစာပန်းတွေသီကုံးပြီး
ဆန့်ကျင်ဘက်က ရယ်သံတစ်စုံကို ငါကြားခဲ့....
ဒဏ်ရာအသစ်အတွက် ပန်းပွင့်တွေက အရောင်အသွေးစုံလှပေါ့.........
အလွမ်းသစ်
ဖြစ်ပ်ါလာတဲ့ နှလုံးသားရဲ့ဆန္ဒတစ်စုံကို ဖွင့်ဟဖော်ထုပ်နိုင်တဲ့ ဒိုင်ယာရီ တစ်အုပ်ကဲ့သို့....
Thursday, December 11, 2008
Saturday, December 6, 2008
ပင်လယ်ပြင်မှာ
တိမ်တွေပြိုကျ
ငါ့မျက်ရည်..
မင်းအတွက်ပါ...
မျက်ရည်တစ်စက်ကျတိုင်း....
တစ်သက်စာပိုချစ်ခဲ့ရတယ်....
တစ်သက်စာနာကျည်းရင်.......
ပြုံးပြနေပေမယ့်...
ရင်ထဲကမျက်ရည်...
မင်းကို မြင်တွေ့ခွင့်မပေးချင်ဘူး.....
ငါခံစားနေရတာမင်းမြင်လို့
မင်းဝမ်းသာမယ်ဆိုရင်လဲ.......
မင်းကိုလှောင်ရယ်ခွင့် ပေးလောက်အောင်.
ငါ..မာနမမဲ့သေးဘူး....
အလွမ်းသစ်
တိမ်တွေပြိုကျ
ငါ့မျက်ရည်..
မင်းအတွက်ပါ...
မျက်ရည်တစ်စက်ကျတိုင်း....
တစ်သက်စာပိုချစ်ခဲ့ရတယ်....
တစ်သက်စာနာကျည်းရင်.......
ပြုံးပြနေပေမယ့်...
ရင်ထဲကမျက်ရည်...
မင်းကို မြင်တွေ့ခွင့်မပေးချင်ဘူး.....
ငါခံစားနေရတာမင်းမြင်လို့
မင်းဝမ်းသာမယ်ဆိုရင်လဲ.......
မင်းကိုလှောင်ရယ်ခွင့် ပေးလောက်အောင်.
ငါ..မာနမမဲ့သေးဘူး....
အလွမ်းသစ်
Subscribe to:
Comments (Atom)