Thursday, December 11, 2008

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း

ပျောက်ဆုံးနေတဲ့
ပန်းမပွင့်ခဲ့ဘူးတဲ့ ငါအတိတ်တွေဆီ..
တစ်စုံတစ်ခုက ဆွဲခေါ်သွား......
ခြေရာမဲ့ခဲ့တဲ့ ငါအလွမ်းတွေကို
ကြွေနေတဲ့နေရက်တွေထဲမှာ ပြန်ရှာနေမိတယ် .....
အခုတော့...
ငါခံစားခဲ့ရပုံများ နှလုံးသားထဲအထိနာကျင်လို့
အရှုံးပေးခြင်းသက်သက်နဲ့ ဆန့်ကျင်ဘက်ကို ကျောပေးရပ်မယ် ....

ဒီအလွမ်းတွေကို ဘယ်လိုများကျော်ရမလဲ
ညညဆို ငါ့အတွေးတွေ
ပြတင်းတံခါးလို ရပ်တွေးဆွေး ....
ငါရင်ဘတ်ထဲမှာ မင်းအလှနဲ့ နှစ်ဝင်နေတဲ့
အိပ်မက်လှေတွေရှိတယ် .....
ငါ့ခေါင်းထဲမှာ မင်းအနမ်းတွေအတွက် ၀ှက်ထားတဲ့
အနာဂတ်တစ်ခုရှိတယ်....
သောကြာထောင့်မှာ ဆီမီးတိုင်ကို ထွန်းညှိပြီး
ငါဆုတောင်းတော့
မဆီမဆိုင် ဗီးနပ်(စ်)က သစာပန်းတွေသီကုံးပြီး
ဆန့်ကျင်ဘက်က ရယ်သံတစ်စုံကို ငါကြားခဲ့....
ဒဏ်ရာအသစ်အတွက် ပန်းပွင့်တွေက အရောင်အသွေးစုံလှပေါ့.........

အလွမ်းသစ်

Saturday, December 6, 2008

ပင်လယ်ပြင်မှာ
တိမ်တွေပြိုကျ
ငါ့မျက်ရည်..
မင်းအတွက်ပါ...
မျက်ရည်တစ်စက်ကျတိုင်း....
တစ်သက်စာပိုချစ်ခဲ့ရတယ်....
တစ်သက်စာနာကျည်းရင်.......
ပြုံးပြနေပေမယ့်...
ရင်ထဲကမျက်ရည်...
မင်းကို မြင်တွေ့ခွင့်မပေးချင်ဘူး.....
ငါခံစားနေရတာမင်းမြင်လို့
မင်းဝမ်းသာမယ်ဆိုရင်လဲ.......
မင်းကိုလှောင်ရယ်ခွင့် ပေးလောက်အောင်.
ငါ..မာနမမဲ့သေးဘူး....

အလွမ်းသစ်

Monday, November 3, 2008

ငွေ

ငွေ ငွေ ငွေ

သြော်
လောကတွင်
ဆွေမျိုးညှာတိ....
ငွေမရှိက....ခင်မင်တရား...
လွန်နည်းပါ၏။.......
လောကလူ့ရွာ...
ငွေမျက်နှာသည်....
လူကိုမခင် ငွေကိုခင်၏............

အလွမ်းသစ်(3.11.2008)

Saturday, October 25, 2008

အမှတ်တရ

အမှတ်တရ

ချစ်သူ....
အမှတ်တမဲ့.........
နှလုံးသားချင်း ၀င်တိုက်မိတဲ့
ပုံပြင်ဆန်တဲ့ ငါတို့နှစ်ဦးရဲ့တွေ့ဆုံမှုမှာ......
ရှင်သန်ရာဘ၀လို့သတ်မှတ်ခဲ့တဲ့ငါ....
တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ ငါတို့နှစ်ဦးရဲ့လက်တွေ.....
အဆုံးမရှိတယ်ငါ့ရဲ့ ရင်ခုန်သံတွေ.....
အကောင်းဆုံးလို့ ယုံကြည်ခဲ့တဲ့......
မင်းရဲ့ ဘ၀ခရီးအတွက်.......
ရင်နှင့်စွာရွေးချယ်ခဲ့တဲ့
ငါ့ရဲ့အမုန်းအတွက်နဲ့.......
ငါတို့လျှောက်ခဲ့တဲ့
အစိမ်းရောင်မြေနီလမ်းပေါ်က......
ထိုင်ခုံတွေကလည်း....ခုဆို...
အဖော်မဲ့လျှက်.....
ပြီးတော့.....
ငါချစ်ခဲ့ဘူးတဲ့ မင်းရဲ့အပြုံးနဲ့
နှစ်ဝင်နေတဲ့မြှားတစ်စင်း.......
ငါ့ရင်ဘတ်ထဲမှာ ခုထိသိမ်းထားဆဲ.....
အရာရာအားလုံး အမှတ်တရ အဖြစ်နဲ့ပေါ့....

အလွမ်းသစ်(25.10.08)

Tuesday, October 14, 2008

တောင်းဆု

တောင်းဆု

ချစ်သူ..........
အနေနီးရင်သွေးနီးသတဲ့..
သံယောဇဉ် ဆိုတာမမြင်နိုင်တဲ့ကြိုးတစ်ချောင်းလေ.....
မင်းနဲ့ ကိုက
ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့်
ချစ်ခွင့်ရခဲ့ပေမယ့်...
အနေဝေးလို့သွေးအေးမသွားနဲ့နော်..
ငါဆိုတဲ့ကောင်က
အချစ်ဆိုတာ ရယူပိုင်ဆိုင်ချင်းလို့
မျက်စိမှိတ် သတ်မှတ်ထားပေမယ့်.....
မထင်မှတ်တဲ့ ငါ့ရဲ့....
ချို့တဲ့မှုကြောင့်.....
အချစ်ဆိုတာ......
ပေးဆပ်ချင်းလို့ အသိအမှတ်ပြုရတော့မယ်လေ...
ဒါပေမယ့်.....
မင်းအတွက်....
လှပတဲ့အနာဂတ် တစ်ခုကိုသာ....
ဖန်တီးခွင့်ရခဲ့မယ်ဆိုရင်....
မင်းသာလက်ခံယုံကြည်မယ်ဆိုရင်....
ပျော်ရွှင်ပါစေချစ်သူလို့
ငါ.....
ကျေနပ်ကြည်နူးစွာ....
ဆုတောင်းပေးနေမှာပါ........
(ပျော်ရွှင်ပါစေချစ်သူ)

အလွမ်းသစ်(15.10.08)

Thursday, October 9, 2008

ဆုတောင်း

ဆုတောင်း

ချစ်သူ.......
လောကတွင်...
အချစ်ကို ကိုးကွယ်သောသူတို့ကား
အချစ်သည် တည်မြဲ၏ ဟုဆိုကြသည်.....
သို့သော်.....
လောကတရားတွင်
မည်သည့်အရာမျှမတည်မြဲဟုလည်း ဆိုကြပြန်သည်...
ကျွန်ုပ်သည်...
အချစ်ကိုလည်း ကိုးကွယ်၏..
လောကတရားကိုလည်း မဆန့်ကျင်ပါ...
ထိုမှန်ကန်သော သစ္စာစကားကြောင့်....
ကျွန်ုပ်၏ အချစ်သည်......
်သင်၏ ရင်တွင်တည်ပါစေ....
သင့်ထံမှ စစ်မှန်သော၊ ဖြူစင်သော အချစ်သည်လည်း
ကျွန်ုပ်အတွက် သင်၏ရင်မှပေါက်ဖွားပါစေ.....
လောကရှိချစ်သူအပေါင်းသည်လည်း.....
မချစ်မနှစ်သက်သောသူနှင့် ကင်းဝေးပါစေ...
စစ်မှန်သော၊ ဖြူစင်သော အချစ်တို့နှင့်သာ....
ထာဝရ ပေါင်းဖက်ရပါစေသား....

အလွမ်းသစ်(၁၀.၁၀.၀၈)

Wednesday, October 8, 2008

ချစ်သူ၏ တစ်ဆယ့်နှစ်ကြိုးအတတ်

ချစ်သူ၏ တစ်ဆယ့်နှစ်ကြိုးအတတ်

မေ့ထားပေမယ့် မသိစိတ်ထဲ
တိုးဝင်လျှောက်ဆဲ မင်းပုံရိပ်တွေ.....
မှိတ်ထားပေမယ့် မျက်ဝန်းထဲ
အစဉ်ချိုမြတဲ့ မင်းအပြုံးတွေ
ငါ တမ်းတနေဆဲ........
ပိတ်ထားပေမယ့် ငါ့...နားစည်ထဲ
ထိုးဖောက်လာတဲ့ မင်းရယ်သံတွေ...
ငါ့နှလုံးသားကို တတိတိတိုက်စားအောင်
အက်ဆစ်တစ်စက် ၀ီစကီတစ်ပက်နဲ့
ပြုစားခဲ့တာလားချစ်သူရယ်.....။

မှတ်ချက်...၀ီစကီနေရာမှာ ၀ိုင်ရေးသင့်ပါတယ်
ဒါပေမယ့် ၀ိုင်မကြိုက်လို့..၀ီစကီတစ်မင်ပြောင်းရေထားတာ..ဟတ်ဟတ်
duckyeggs25985(ရင်ကွဲထွက်)

အလွမ်းသစ်

Saturday, October 4, 2008

Online မှ ချစ်သူသို့......ပေးစာ

Online မှ ချစ်သူသို့......ပေးစာ

Online...........
ငါ နာနာကျင်ကျင် တမ်းတမိတယ်
ငါတိတ်ဆိတ်ကြေကွဲစွာ သတိရနေတယ်..
အခုချိန်ဆို......
Online မှာ သူရောက်နေရောပေါ့.....
ငါလာမယ့်လမ်းဆီ....
မျှော်ရီငေးမောနေတဲ့
မင်းမျက်ဝန်းတွေကို ငါ......
ဘယ်လိုမေ့ ပြစ်ရမလဲ.........
မင်းလေးဆီ........
အခစားဝင်ချင်နေတဲ့ စကားလုံးတွေကို
ဘယ်လိုအင်အားမျိုးနဲ့ .....
ငါ....တားဆီးရမလဲ....
တစ်ကယ်ဆို....
တစ်ချပ်မှောက်ကစားပွဲမှာ
ငါမလှန်လိုက်ရတဲ့ ....ဖဲလေးတစ်ချပ်ဟာ
မင်းနဲ့ ငါ့ အတွက်
ချစ်ခြင်းမေတ္တာပါလား......။
Duckyeggs25985(ရင်ကွဲထွက်)
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ ခွင့်ပြုချက်နဲ့ ကဗျာလေးကို တင်ပေးခြင်းဖြစ်ပါတယ်..
အလွမ်းသစ်

ကျွန်တော့်အတွေး(၂)

ကျွန်တော့်အတွေး(၂)

အချိန်ကာလများစွာ သန်ဓေတည်မွေးဖွားလာတဲ့ အချစ်ကို ဘာအကြောင်းပြချက်နဲ့မှ ပိတ်ပင်ဖို့မကြိုးစားပါနဲ့ ချစ်သူ။ဘာသာတရား၊ ဓနဥစ္စာ၊အသိုင်းအ၀ိုင်း၊ အဆင့်အတန်း၊ မညီမျှတဲ့လမ်းအားလုံးဟာ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာကျရှုံးရမယ်။ ငါ့အတွက်တော့ အချစ်ဆိုတဲ့ အရာဟာ ဒီလောက်ထိ ကြီးကျယ်ခမ်းနားတယ်။

နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ကဗျာတစ်ပုဒ်၊ ကဗျာတစ်ရာ ပန်းချီတစ်ချပ် ဆိုပေမယ့် ဖော်ညွှန်းပြဆိုဖို့ ခက်ခဲလွန်းနေတဲ့ ငါ့ရင်ဘတ်ထဲကခံစားချက်တွေကို ဖောက်ထုတ်ရှင်းလင်းဖို့အတွက် ငါပန်းချီမဆွဲတတ်ဘူး၊ ကဗျာတွေစာတွေရေးဖွဲ့ဖို့အတွက်လည်း စကားလုံးတွေက မလုံလောက်ပြန်ဘူး။ ဒီတော့ငါရဲ့ တိတ်ဆိတ် ဆွံအမှုတွေကိုယ်စား နှလုံးသားထဲကအသံတွေကို မင်းကြားနိုင်ပါစေလို့ပဲ ငါဆန္ဒပြုရတော့မှာပေါ့။
အလွမ်းသစ်(၄.၁၀.၀၈)

Wednesday, October 1, 2008

ချစ်သူအတွက်လက်ဆောင်ပေးမယ်ဆိုရင်

ချစ်သူအတွက်လက်ဆောင်ပေးမယ်ဆိုရင်

ကိုယ်ကို အမြဲသတိရနေပါ

အလှစိုက်သစ်ပင် (Boy to Girl)
ဦးထုပ် (Girl to Boy)


လရှည်ရက်များခွဲခါနီးဆိုရင်
အနေဝေးလို့မေ့မသွားနဲ့နော်

ဒိုင်ယာရီစာအုပ်
(Boy to Girl)
ဝိုင်ပုလင်း
(Girl to Boy)

ချစ်သူနဲ့ စိတ်ဆိုးပြီး စိတ်ဆိုးပြေအောင် ချော့မယ်ဆိုရင်

အ၀ါရောင်ပန်းပွင့်၊ပန်းစည်း
(Boy to Girl)
သီချင်း အယ်လ်ဘမ်
(Girl to Boy)

ကိုယ်တို့နှစ်ယောက် အချစ်ခိုင်မြဲပါစေ

ဖဲကြိုးလှလှချည်ထားတဲ့ပန်းစည်း
(Boy to Girl)
ချောကလက်ဘူး
(Girl to Boy)

လက်ထက်ချင်ပြီဆိုရင်

လက်စွပ်တစ်ကွင်း
(Boy to Girl)
လက်ပတ်နာရီ
(Girl to Boy)

ကိုချစ်တဲ့အကြောင်းဖွင့်မပြောရဲရင်

အမွှေးပွပွဝက်ဝံရုပ်ကလေး
(Boy to Girl)
ရေမွှေး (Girl to Boy)

ချစ်သူများအဆင်ပြေဖို့ Gift and Denotation စာအုပ်မှကောက်နုတ် ဖော်ပြထားပါတယ်.နောက်လည်းဆက်လက်ဖော်ပြ သွားပါအုန်းမယ်...
အလွမ်းသစ်(၁.၁၀.၀၈)



ဆုတောင်း

ဆုတောင်း

အိပ်လို့မပျော်တဲ့
တိတ်ဆိတ်တဲ့ညတွေမှာ
လမင်းကိုခြေရာခံ........
ကြယ်တွေကိုကောက်ယူရင်း........
စကြာဝဋ္ဌာထဲ လမ်းလျှောက်ထွက်နေတုန်း.....
Cupid က ပြောတယ်........
အချစ်ဆိုတာရယူပိုင်ဆိုင်ခြင်းမဟုတ်ဘူးတဲ့
ဟုတ်မှာပါ.......
အစိမ်းရောင်ရက်စွဲတွေသာ ဝေခဲ့တဲ့
ငါ့ရဲ့ပြက္ခဒိန်မှာ .........
မျှော်လင့်ခြင်းတွေကလည်း......အကြိမ်ကြိမ်သေဆုံးခဲ့ပေါ့
ငါမက်ခဲ့ဘူးတဲ့ အိပ်မက်တွေထဲမှာလည်း.......
Venus ပြောတဲ့ သောကြာထောင့်ကိုရှာရတာလည်းအမော......
နောက်ဆုံးတော့လည်း .......
ငါ့အိပ်မက်တွေသာ နစ်မြုပ်သွားခဲ့တယ်....
ငါဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲမှာ
ကြယ်ကြွေရင်ဆုတောင်းပြည့်သတဲ့....
ဖြစ်နိုင်မယ်ဆိုရင်.......Eros ရယ်....
အကြင်နာတရားကို
လူကြားကောင်းအောင်မပြောတတ်တဲ့
ငါ့ရဲ့....အစိမ်းရောင်နေ့စွဲတွေအတွက်....
မျှော်လင့်ခြင်းတွေကို....အသစ်တဖန်....
ပြန်လည်ရှင်သန်ခွင့်ပြုပါ.......
အလွမ်းသစ်

ကျွန်တော့်အတွေး

ကျွန်တော့်အတွေး....

လောကမှာ အစစ်အမှန်တွေကပဲ ကြာရှည်ခံတယ်လေ..
အတုတွေကတော့ အချိန်ကြာလာတာနဲ့ အမျှ ပျက်စီးပျောက်ကွယ်သွားတယ်

ဒါပေမယ့်... ပန်းပွင့်အစစ်တွေက ခဏလေးနဲ့ ညှိုးနွမ်းကြွေကျသွားပြီး
ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ပန်းပွင့်တေုတွေကတော့ တာရှည်ခံတယ်...

တစ်ကယ်လို့ အချစ်သာ ပန်းပွင့်အစစ်နဲ့ တူခဲ့မယ်ဆိုရင်တော့..
အလွမ်းသစ်

ဘလော့ဂ်ဂါများနဲ့ တွေ့ဆုံခြင်း

ဘလော့ဂ်ဂါများနှင့်တွေ့ဆုံခြင်း

၃၀.၉.၂၀၀၈ ရက်နေ့ နေ့လည်ခင်းမှာ ငယ်သူချင်းတစ်ဦးဖြစ်တဲ့ ဖိုးသူတော် ဆီသူ့ အလုပ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။မတွေ့တာကလဲ ကြာပြီဆိုတော့ ရေရေလည်လည်ကို စကားတွေ ပြောဖြစ်ခဲ့ကြ တယ်။သူအလုပ်မှာစကားစမြည်ပြောရင်း အလုပ်ပြီးတော့ မြေနီကုန်းရှိ ဘလော့ဂ်ဂါများ တွေ့ဆုံလေ့ရှိ တဲ့ အင်တာနက်ဆိုင်ကို အတူတူသွားရောက်ခဲ့ပါတယ်၊အဲ့ဒီမှာ ဖိုးသူတော် ရဲ့ ဓာတ်ပုံထဲ မှာသာမြင်ဖူးတဲ့ ဘလော့ဂ်ဂါ များကို တွေ့တော့ တော်တော်လေးကို ၀မ်းသာသွားတယ်။ ကိုယ်ကို တိုင်က လည်ဘလော့ဂ်ဂါဖြစ်ချင်နေပြီး ဖြစ်ဖိုကြိုးစားနေတဲ့ အချိန်မှာ အတွေအကြုံရှိတဲ့ ဘလော့ဂ်ဂါတွေနဲ့ တွေ့ရပြီး ရင်းနှီးခွင့် ရတော့ အရမ်းကိုဝမ်းသာသွားတယ်။ဒီလိုနဲ့ အင်တာနက်ဆိုင်ကနေ ညနေ ၅နာရီခွဲ လောက်မှာ ဘလော့ဂ်ဂါတွေရဲ့ လေထန်ကုန်းလိုပြောလို့ ရတဲ့ စမ်းချောင်းလမ်းထဲ ကပွင့်မြတ်မိုး ကို ကျွန်တော်အပါအ၀င် ကိုမျက်စိ။ကိုဘလာဂေါက်၊ဖိုးသူတော် ကိုအောင်လေး နဲ့ကျန်တဲ့ အစ်ကိုတစ်ဦးနဲ့ ချီတက်သွားကြပါတယ်။အဲ့ဒီကိုရောက်တော့ ထုံးစံအတိုင်း ၀က်မြီးတစ်ပွဲ ရုံးပတေသီး နှစ်ကင်နဲ့ စကားဝိုင်းကို စဖြစ်ကြပါတယ်။ဘာတွေပြောဖြစ်ကြလဲ ဆိုတော့ တော်တော်လေးကိုများပါတယ်...စီးပွားရေး ၊ လူမှုရေး ၊ ကျွန်တော်မသိသေးတဲ့ ဘလော့ဂ် အကြောင်းတွေ ထွေရာလေးပါး အစုံပါပဲ။

ကျွန်တော်ကို လည်းအခုမှမြင်ဘူး စရင်းနှီးပင်မယ့် သူငယ်ချင်းလို ၊ ညီအစ်ကို လိုဆက်ဆံတာ အရမ်းကို ကျေးဇူးတင်မိပါတယ်.ကျွန်တော်မသိသေးတဲ့ ဘလော့ဂ်အကြောင်းတွေနဲ့ ဘလော့ဂ်ဂါတစ်ရောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို သိခွင့်ရခဲ့ပြီး တော်တော်လေးကို ဗဟုသုတ အမြင်ကြွယ်ဝခဲ့ပါတယ်။

အဓိက ကတော့ ဘလော့ဂ်ဂါညီအစ်တွေရဲ့ တစ်ကယ့် family type ကိုတွေခဲ့ရပြီး အရမ်းကို ကြည်နူုးဖို့ကောင်းသလို အတုယူစရာလည်းကောင်းပါတယ်။နောက်နောင် နေညိုရင် မဆုံဖြစ်သေးတဲ့ ဘလော့ဂ်ဂါတွေနဲ့ လည်းတွေဆုံချင်ပါသေးတယ်ဗျာ။ကိုမျက်စိ တို့ ကို ဘလာဂေါက် တိုနဲ့လည်း ထပ်မံတွေဆုံချင်ပါသေးတယ်။အစ်ကို တို့ရေ နောက် နေညိုရင် ကျွန်တော်ကို လည်းခေါ်ပါအုန်းဗျာ.....

ဘလော့ဂ်ဂါအစ်ကို တွေနဲ့ တွေ့ဆုံပေးတဲ့ သူငယ်ချင်း ဖိုးသူတော်ကို အထူးကျေးဇူးတင်ပါတယ်....

အလွမ်းသစ်(၃၀.၉.၀၈)

အနာဂတ်

အနာဂတ်

ပြုံးနေပေမယ့် ကျနေတဲ့ ငါ့မျက်ရည်တွေိံ့
ရိုးတံပေါ်တင်နေတဲ့ နှင်းစက်တွေလောက်
မချိုမြိန်ပါဘူး..........
ငါ့ ကိုယ်မှာစိုက်ဝင်နေတဲ့
ကိုယ်တိုင်မြနေအောင် သွေးခဲ့မိတဲ့ဓား
ပြန်ဆွဲမနုတ်ရက်တာနဲ့
ဒီအတိုင်းအရသာခံနေခဲ့တယ်.......
ဘယ်လောက်ထိခံစားရမလဲ......
ငါ့နှလုံးသွေးတွေ
တစ်စက်ပြီးတစ်စက်မြေခတယ်....
ပြက္ခဒိန်မရှိတဲ့ရက်စွဲတွေ
တစ်ရက်ပြီးတစ်ရက်ကြွေကျတယ်......
ငါ့အနာဂတ်ကို....
ဘယ်သူတွေကများ ကျိန်စာတိုက်ခဲ့သလဲ......
အခုတော ထက်ပိုင်းကျိုးသွားတဲ့
ငါ့အိမ်မက်တွေနဲ့အတူစီးမျောရင်း....
ဘယ်တော့မှ အဆုံးသတ်မှာလဲ.....
အလွမ်းသစ်

သိစေချင်

သိစေချင်

ရင်မှာစွဲငြိ

သဲနှစ်ချစ်လည်း

၇င်ဝယ်လှိုက်လှိုက်

ခံစားခဲ့ရ

ထိုထိုမျှကို

ချစ်တဲ့သူတော့

သိစေချင်.......


သိပင်သိငြား

ရင်မှစကားကို

စီကုံးဖွဲ့သီ

ပြောသော်ငြားလည်း

ချစ်တဲ့သူက

မသိဟန်ပြင်.........
အိမ်မက်သစ်
ကျွန်တော့်အစ်ကို ရဲ့ကဗျာလေးပါ.သူရဲ့ခွင့်ပြုချက်နဲ့ ဒီဘလော့ဂ်လေးမှာ
တင်ပေးတာပါ...
အလွမ်းသစ်(၁.၁၀.၂၀၀၈)


နှင်းဆီတစ်ပွင့်ရဲ့ ဒဏ္ဍာရီ...

ဂရိဒဏ္ဍာရီထဲမှာ အချစ်နတ်ဘုရားက တိတ်ဆိတ်မှု နတ်ဘုရားကို လာဘ်ထိုးတဲ့ အနေနဲ့ နှင်ဆီပန်းပွင့် ပေးခဲ့တယ်တဲ့.အဲ့ဒီ့ ဒဏ္ဍာရီအရ နှင်းဆီပန်းဟာ တိတ်ဆိတ်မှုနဲ့ လျှို့ဝှက်မှုရဲ့ သင်္ကေတ ဖြစ်လာတယ်။သမိုင်းအလယ်ခတ်မှာတော့ လျှို့ဝှက်အသင်းတွေရဲ့ ဆွေးနွေးပွဲတွေ၊ ဘုရင့်ညီလာခံတွေ ရဲ့ ခန်းမမျက်နှာကျပ်တွေမှာ နှင်းဆီပန်းပွင့် ချိတ်ဆွဲ ထုံးစံရှိခဲ့တယ်။အဲ့ဒီ့နှင်းဆီရဲ့အောက်မှာ ပြောဆိုသမျှ အပြင်ကိုမပေါက်ကြားရဘူးလို့ ကျမ်းကျိန်တဲ့ သဘောပေါ့။ပြီးတော့ နှင်းဆီကို မြင့်မြတ်ခြင်းလို့လဲ အဓိပ္ပာယ်သတ်မှတ်သေးတယ်။Rose ကိုရှေ့ဆုံးနဲ့ နောက်ဆုံးကို ပြောင်းလိုက်ရင် Eros ဆိုတဲ့ အချစ်နတ်ဘုရားရဲ့ နာမည်ဖြစ်လာတယ်။ပွင့်ချက် ငါးလွှာရှိတဲ့ နှင်းဆီဟာ ငါးမြှောင့်ကြယ်နဲ့ အဓိပ္ပာယ် အတူတူပဲလေ။ဗီးနပ်(စ်)ရဲ့ သင်္ကေတပေါ့.နောက်ပြီး ပွင့်ချက် ၃၂ လွှာရှိတဲ့ နှင်းဆီပုံကို ရေကြောင်းပြ မြေပုံ တွေရဲ့ ထိပ်မှာ ပုံနှိပ်ထားတာတွေ့ဖူးမှာပါ။ကမ္ဘာရေကြောင်း (၃၂)ကြောင်းကို ကိုယ်စား ပြုထားတာလေ။ကမ္ဘာ့ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းကိုဆက်သွယ်ထာတဲ့ လောင်ဂျီကျုမျဉ်းကြောင်းတွေကို (Rose line)လို့ခေါ်တယ်လေ။အဲ့ဒီ့ထဲကမှ Zero rose line က အင်္ဂလန်နိုင်ငံ ဂရင်းနစ်မြို့ကို ဖြတ်သွားတဲ့ အဲ့ဒီ့မျဉ်းကြောင်းကို မူတည်ပြီး တစ်ကမ္ဘာလုံးက အချိန်နာရီတွေကို ဂရင်းနစ် စံတော်ချိန်နဲ့ တိုင်းတာခဲ့ကြတာပါ..........
အလွမ်းသစ်

အလွမ်းမဲ့

အလွမ်းမဲ့

စိတ်အစာအတိုင်း လောင်မြိုက်နေတဲ့
ငါ့ နှလုံးသားတွေ
သံသရာဝဲဂယက်က လွတ်လမ်းမမြင်ဘူး........
ငါ့နှလုံးသားထဲက
ဖွင့်မပြောဖြစ်တဲ့ အလွမ်းတွေရဲ့
သက္ကရာဇ်တို့ စီးဆင်းရာလမ်းမှာ
နောင်တမြစ်ကျိုးအင်းတွေ
မကျန်ရစ်ခဲ့ပါဘူး........
အလွမ်းတွေကို တံတားခင်းပြီး
မနက်ခင်းသစ်ဆီ ငါလမ်းသစ်ဖောက်ခဲ့တယ်.........
ဒါပေမယ့်.........
အမှောင်တွေကျလာတာနဲ့
ပျောက်ဆုံးနေတဲ့ ညတွေကို
ဖန်ခွက်တစ်လုံးထဲမှာ လိုက်ရှာရင်း
ငါ့ရဲ့......အစွဲအလမ်းတွေက မျောပါနေကြပေါ့.....
အလွမ်းသစ်

သွေးသည်အသက်

ကျွန်တော်တို့ လူတွေမှာ သွေးသည် မရှိမဖြစ် လိုအပ်တယ်ဆိုတာကို အားလုံးအသိပါ.(၁၀.၉.၂၀၀၈) ရက်နေ့မှာ ကျွန်တော် ရန်ကုန်ဆေးရုံကြီးရဲ့ အမျိုးသားသွေးလှူဘဏ်မှာ သွားရောက်သွေးလှူဒါန်း ခဲ့ပါတယ်။ ဘာတွေကြုံတွေ့ခဲ့ ရလည်းဆိုတော့ ရန်ကုန်ဆေးရုံကြီးရှေ့အရောက် သွေးလိုအပ်လို့ လိုက်ဝယ်တဲ့လူတွေနဲ့ အရေးပေါ် သွေးလိုအပ် နေတဲ့ လူတော်တော်များများကို တွေ့ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်စဥ်းစားမိတာက အွန်လိုင်း friends တွေနဲ့ ဘလောဒ်ဂါများကို သွေးလှူဒါန်းဖို့ တိုက်တွန်းရမယ်ဆိုတာ ပါပဲ။ ကျွန်တော်တို့ ကိုယ်ထဲက သွေးလေး တစ်ပုလင်း ထုတ်ပေးရုံနဲ့ တဖက်လူမှာ အသက်ဆက်ရှင်ရမယ်ဆိုတော့ တော်တော်လေးကို ကုသိုလ် ရမှာပါ ။ ကျွန်တော် ပြောတာကို သဘောကျ လက္ခံမယ်ဆိုရင် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှာ သွားရောက်သွေးလှူဒါန်း ဖို့ နိဗ္ဗာန်ဒါန နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

အလွမ်းသစ်

Saturday, September 27, 2008

ချစ်သူ

ချစ်သူ........

အစရှိရင်အဆုံးအဆုံးရှိတယ်တဲ့.......

ပျောက်ဆုံးနေတဲ့ ငါ့အတိတ်ကို
အစပြန်ဆွဲထုတ်တော့......
ဘ၀ဟာ သုညဖြစ်လိုပါလား......
တစ်ကယ်တော့......
တည်ငြိမ်စပြုနေတဲ့ ငါ့နှလုံးသားကို
ခလုတ်တိုက်မိတဲ့ မင်းရဲ့အပြုံးတစ်ချက်ကြောင့်........
ငါဟာ..ထွက်ပေါက်မဲ့ခဲ့ရပြီလေ......
ပြုံးတော့ပြုံးပါ...မမုန်းလိုက်ပါနဲ့.....
ခံစားမှုကြောင့်ဖြစ်ပေါ်လာတဲ့
ငါ့ကဗျာအပိုင်းအစတွေက.......
အတော့်ကိုကာရံမဲ့နေသလား.....
ဘာပဲဖြစ်ဖြစ်လေ.....
နေပူပူမှာ အရိပ်မဲ့တာလောက်တော့
ခရီးပေါက်အောင်လျှောက်နိုင်ပါသေးတယ်......
ဝန်ခံပါတယ်ချစ်သူ.....
မင်းအပြုံးကြောင့်လည်း အိပ်မက်တွေအများကြီး မက်မိပါတယ်....
ဒါပေမယ့်......
စိတ်ကူးအိပ်မက်တိုင်းဟာ.....
မဖြစ်ပေါ်လာနိုင်သလို.....
ပျက်စီးပျောက်ကွယ်ဖို့ဟာလည်း....
လွယ်ကူလွန်းပါတယ်....
နင့် အတွက်ကြောင့် ငါ......
အငိုမျက်လုံး အပြုံးမျက်နှာနဲ့သာ
လှည့်ပြန်ခဲ့ရမယ်ဆိုရင်လည်း....
ငါ့ ဘာသာ တစ်ယောက်တည်းလဲ
မေတ္တာရှိနေနိုင်တယ်မဟုတ်လားလို့......
တွေးမိပြန်တယ်.....
အဆုံးမှာတော့.......
အသိတစ်ခုရဲ့ နောက်ဆုံးမျက်ရည်တွေပဲ ဖြစ်ပါစေတော့......
အလွမ်းသစ်

ရင်ထဲကဒိုင်ယာရီ

ရင်ထဲက ဒိုင်ယာရီ

ရင်မှဖြစ်တည်.........

နှလုံးသားမှလျှံကျ....
နှတ်တစ်ရာ စာတစ်လုံး....
ကဗျာအားလုံး........
စုပေါင်းရေးဖွဲ့လိုက်သည်..........
ရင်ထဲကဒိုင်ယာရီ....

အလွမ်းသစ်