Wednesday, October 1, 2008

အလွမ်းမဲ့

အလွမ်းမဲ့

စိတ်အစာအတိုင်း လောင်မြိုက်နေတဲ့
ငါ့ နှလုံးသားတွေ
သံသရာဝဲဂယက်က လွတ်လမ်းမမြင်ဘူး........
ငါ့နှလုံးသားထဲက
ဖွင့်မပြောဖြစ်တဲ့ အလွမ်းတွေရဲ့
သက္ကရာဇ်တို့ စီးဆင်းရာလမ်းမှာ
နောင်တမြစ်ကျိုးအင်းတွေ
မကျန်ရစ်ခဲ့ပါဘူး........
အလွမ်းတွေကို တံတားခင်းပြီး
မနက်ခင်းသစ်ဆီ ငါလမ်းသစ်ဖောက်ခဲ့တယ်.........
ဒါပေမယ့်.........
အမှောင်တွေကျလာတာနဲ့
ပျောက်ဆုံးနေတဲ့ ညတွေကို
ဖန်ခွက်တစ်လုံးထဲမှာ လိုက်ရှာရင်း
ငါ့ရဲ့......အစွဲအလမ်းတွေက မျောပါနေကြပေါ့.....
အလွမ်းသစ်

No comments: