Wednesday, October 1, 2008

သွေးသည်အသက်

ကျွန်တော်တို့ လူတွေမှာ သွေးသည် မရှိမဖြစ် လိုအပ်တယ်ဆိုတာကို အားလုံးအသိပါ.(၁၀.၉.၂၀၀၈) ရက်နေ့မှာ ကျွန်တော် ရန်ကုန်ဆေးရုံကြီးရဲ့ အမျိုးသားသွေးလှူဘဏ်မှာ သွားရောက်သွေးလှူဒါန်း ခဲ့ပါတယ်။ ဘာတွေကြုံတွေ့ခဲ့ ရလည်းဆိုတော့ ရန်ကုန်ဆေးရုံကြီးရှေ့အရောက် သွေးလိုအပ်လို့ လိုက်ဝယ်တဲ့လူတွေနဲ့ အရေးပေါ် သွေးလိုအပ် နေတဲ့ လူတော်တော်များများကို တွေ့ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်စဥ်းစားမိတာက အွန်လိုင်း friends တွေနဲ့ ဘလောဒ်ဂါများကို သွေးလှူဒါန်းဖို့ တိုက်တွန်းရမယ်ဆိုတာ ပါပဲ။ ကျွန်တော်တို့ ကိုယ်ထဲက သွေးလေး တစ်ပုလင်း ထုတ်ပေးရုံနဲ့ တဖက်လူမှာ အသက်ဆက်ရှင်ရမယ်ဆိုတော့ တော်တော်လေးကို ကုသိုလ် ရမှာပါ ။ ကျွန်တော် ပြောတာကို သဘောကျ လက္ခံမယ်ဆိုရင် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှာ သွားရောက်သွေးလှူဒါန်း ဖို့ နိဗ္ဗာန်ဒါန နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

အလွမ်းသစ်

No comments: