Online မှ ချစ်သူသို့......ပေးစာ
Online...........
ငါ နာနာကျင်ကျင် တမ်းတမိတယ်
ငါတိတ်ဆိတ်ကြေကွဲစွာ သတိရနေတယ်..
အခုချိန်ဆို......
Online မှာ သူရောက်နေရောပေါ့.....
ငါလာမယ့်လမ်းဆီ....
မျှော်ရီငေးမောနေတဲ့
မင်းမျက်ဝန်းတွေကို ငါ......
ဘယ်လိုမေ့ ပြစ်ရမလဲ.........
မင်းလေးဆီ........
အခစားဝင်ချင်နေတဲ့ စကားလုံးတွေကို
ဘယ်လိုအင်အားမျိုးနဲ့ .....
ငါ....တားဆီးရမလဲ....
တစ်ကယ်ဆို....
တစ်ချပ်မှောက်ကစားပွဲမှာ
ငါမလှန်လိုက်ရတဲ့ ....ဖဲလေးတစ်ချပ်ဟာ
မင်းနဲ့ ငါ့ အတွက်
ချစ်ခြင်းမေတ္တာပါလား......။
ီDuckyeggs25985(ရင်ကွဲထွက်)
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ ခွင့်ပြုချက်နဲ့ ကဗျာလေးကို တင်ပေးခြင်းဖြစ်ပါတယ်..
အလွမ်းသစ်
1 comment:
ခံစားရတယ်ဗျာ
Post a Comment