Thursday, October 9, 2008

ဆုတောင်း

ဆုတောင်း

ချစ်သူ.......
လောကတွင်...
အချစ်ကို ကိုးကွယ်သောသူတို့ကား
အချစ်သည် တည်မြဲ၏ ဟုဆိုကြသည်.....
သို့သော်.....
လောကတရားတွင်
မည်သည့်အရာမျှမတည်မြဲဟုလည်း ဆိုကြပြန်သည်...
ကျွန်ုပ်သည်...
အချစ်ကိုလည်း ကိုးကွယ်၏..
လောကတရားကိုလည်း မဆန့်ကျင်ပါ...
ထိုမှန်ကန်သော သစ္စာစကားကြောင့်....
ကျွန်ုပ်၏ အချစ်သည်......
်သင်၏ ရင်တွင်တည်ပါစေ....
သင့်ထံမှ စစ်မှန်သော၊ ဖြူစင်သော အချစ်သည်လည်း
ကျွန်ုပ်အတွက် သင်၏ရင်မှပေါက်ဖွားပါစေ.....
လောကရှိချစ်သူအပေါင်းသည်လည်း.....
မချစ်မနှစ်သက်သောသူနှင့် ကင်းဝေးပါစေ...
စစ်မှန်သော၊ ဖြူစင်သော အချစ်တို့နှင့်သာ....
ထာဝရ ပေါင်းဖက်ရပါစေသား....

အလွမ်းသစ်(၁၀.၁၀.၀၈)

3 comments:

အရုပ်ကလေး said...

လောကတွင် မည်သည့်အရာမျှ အတည်မြဲဟု စာသား
လေးကို ထည့်ပေးထားတာကိုကြိုက်သလို
ကဗျာလေးလည်းကောင်းတယ် ...

flowerworld said...

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လေ တောင်းတဲ့ဆုနဲ့ပြည့်ဝရစေသား....ဟဲ

MANORHARY said...

ငယ်သူတို့ရဲ့ ဆုတောင်းကတော့ဖြူစင်လှပနေမှာပါပဲ...