Saturday, October 4, 2008

ကျွန်တော့်အတွေး(၂)

ကျွန်တော့်အတွေး(၂)

အချိန်ကာလများစွာ သန်ဓေတည်မွေးဖွားလာတဲ့ အချစ်ကို ဘာအကြောင်းပြချက်နဲ့မှ ပိတ်ပင်ဖို့မကြိုးစားပါနဲ့ ချစ်သူ။ဘာသာတရား၊ ဓနဥစ္စာ၊အသိုင်းအ၀ိုင်း၊ အဆင့်အတန်း၊ မညီမျှတဲ့လမ်းအားလုံးဟာ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာကျရှုံးရမယ်။ ငါ့အတွက်တော့ အချစ်ဆိုတဲ့ အရာဟာ ဒီလောက်ထိ ကြီးကျယ်ခမ်းနားတယ်။

နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ကဗျာတစ်ပုဒ်၊ ကဗျာတစ်ရာ ပန်းချီတစ်ချပ် ဆိုပေမယ့် ဖော်ညွှန်းပြဆိုဖို့ ခက်ခဲလွန်းနေတဲ့ ငါ့ရင်ဘတ်ထဲကခံစားချက်တွေကို ဖောက်ထုတ်ရှင်းလင်းဖို့အတွက် ငါပန်းချီမဆွဲတတ်ဘူး၊ ကဗျာတွေစာတွေရေးဖွဲ့ဖို့အတွက်လည်း စကားလုံးတွေက မလုံလောက်ပြန်ဘူး။ ဒီတော့ငါရဲ့ တိတ်ဆိတ် ဆွံအမှုတွေကိုယ်စား နှလုံးသားထဲကအသံတွေကို မင်းကြားနိုင်ပါစေလို့ပဲ ငါဆန္ဒပြုရတော့မှာပေါ့။
အလွမ်းသစ်(၄.၁၀.၀၈)

No comments: