Wednesday, October 1, 2008

နှင်းဆီတစ်ပွင့်ရဲ့ ဒဏ္ဍာရီ...

ဂရိဒဏ္ဍာရီထဲမှာ အချစ်နတ်ဘုရားက တိတ်ဆိတ်မှု နတ်ဘုရားကို လာဘ်ထိုးတဲ့ အနေနဲ့ နှင်ဆီပန်းပွင့် ပေးခဲ့တယ်တဲ့.အဲ့ဒီ့ ဒဏ္ဍာရီအရ နှင်းဆီပန်းဟာ တိတ်ဆိတ်မှုနဲ့ လျှို့ဝှက်မှုရဲ့ သင်္ကေတ ဖြစ်လာတယ်။သမိုင်းအလယ်ခတ်မှာတော့ လျှို့ဝှက်အသင်းတွေရဲ့ ဆွေးနွေးပွဲတွေ၊ ဘုရင့်ညီလာခံတွေ ရဲ့ ခန်းမမျက်နှာကျပ်တွေမှာ နှင်းဆီပန်းပွင့် ချိတ်ဆွဲ ထုံးစံရှိခဲ့တယ်။အဲ့ဒီ့နှင်းဆီရဲ့အောက်မှာ ပြောဆိုသမျှ အပြင်ကိုမပေါက်ကြားရဘူးလို့ ကျမ်းကျိန်တဲ့ သဘောပေါ့။ပြီးတော့ နှင်းဆီကို မြင့်မြတ်ခြင်းလို့လဲ အဓိပ္ပာယ်သတ်မှတ်သေးတယ်။Rose ကိုရှေ့ဆုံးနဲ့ နောက်ဆုံးကို ပြောင်းလိုက်ရင် Eros ဆိုတဲ့ အချစ်နတ်ဘုရားရဲ့ နာမည်ဖြစ်လာတယ်။ပွင့်ချက် ငါးလွှာရှိတဲ့ နှင်းဆီဟာ ငါးမြှောင့်ကြယ်နဲ့ အဓိပ္ပာယ် အတူတူပဲလေ။ဗီးနပ်(စ်)ရဲ့ သင်္ကေတပေါ့.နောက်ပြီး ပွင့်ချက် ၃၂ လွှာရှိတဲ့ နှင်းဆီပုံကို ရေကြောင်းပြ မြေပုံ တွေရဲ့ ထိပ်မှာ ပုံနှိပ်ထားတာတွေ့ဖူးမှာပါ။ကမ္ဘာရေကြောင်း (၃၂)ကြောင်းကို ကိုယ်စား ပြုထားတာလေ။ကမ္ဘာ့ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းကိုဆက်သွယ်ထာတဲ့ လောင်ဂျီကျုမျဉ်းကြောင်းတွေကို (Rose line)လို့ခေါ်တယ်လေ။အဲ့ဒီ့ထဲကမှ Zero rose line က အင်္ဂလန်နိုင်ငံ ဂရင်းနစ်မြို့ကို ဖြတ်သွားတဲ့ အဲ့ဒီ့မျဉ်းကြောင်းကို မူတည်ပြီး တစ်ကမ္ဘာလုံးက အချိန်နာရီတွေကို ဂရင်းနစ် စံတော်ချိန်နဲ့ တိုင်းတာခဲ့ကြတာပါ..........
အလွမ်းသစ်

No comments: